For the complete documentation index, see llms.txt. This page is also available as Markdown.

အသင်းဝင်ကြေး ငွေပေးချေခြင်းနည်းလမ်း

အသင်းဝင်ကြေးပေးချေရန်အတွက် ငွေပေးချေမှုစာမျက်နှာပေါ်လာပါမည်။ ငွေပေးချေမှုဆောင်ရွက်ရန်အတွက် MPU ကို ပုံပါအတိုင်းရွေးချယ်ပေးပါ။ (အသင်းဝင်အသစ်များသည် အသင်းဝင်ကြေး+နှစ်စဉ်ကြေး ၂နှစ်စာ တစ်ကြိမ်တည်း ပေးသွင်း ရမည် ဖြစ်ပါသည်။)

မှတ်ချက် MPU ဖြင့် ငွေပေးချေရန် မိမိတို့အသုံးပြုမည့် MPU Card များသည် E-Commerce လျှောက်ထားသော Card များဖြစ်ရပါမည်။ E-Commerce မလျောက်ထားရသေးပါက သက်ဆိုင်ရာဘဏ်သို့ ဆက်သွယ်‌မေးမြန်းစုံစမ်းနိုင်ပါသည်။

ကျသင့်ငွေကို စစ်ဆေးပြီးပါက Confirm ကိုနှိပ်ပါ။

မိမိ၏ MPU card ပါအချက်အလက်များကိုဖြည့်သွင်းပါ။ OTP ကိုတောင်းခံပါ။ သက်ဆိုင်ရာဘဏ်မှ OTP ကုဒ် ပို့ပေးလာပါမည်။ OTP ကိုဖြည့်သွင်းပါ။ ထို့နောက် Confirm Payment ကို နှိပ်ပါ။

MPU မှ ငွေပေးချေမှုအောင်မြင်ကြောင်း ပြပါက Continue ကို နှိပ်ပါ။ သက်ဆိုင်ရာဘဏ်မှ ငွေပေးချေမှုလက်ခံပြေစာ ပေးပို့မည်ဖြစ်ပါသည်။

(သတိပေးချက်) ငွေပေးချေမှုလုပ်ဆောင်နေကြောင်းပြနေချိန်တွင် အထက်ပါစာမျက်နှာကို လုံးဝ (လုံးဝ) မပိတ်လိုက်ပါနှင့်။ငွေပေးချေမှုအောင်မြင်ပါက သက်ဆိုင်ရာဘဏ်မှ ငွေပေးချေမှုလက်ခံပြေစာ ပေးပို့မည်ဖြစ်ပါသည်။

အထက်ဖော်ပြပါ ပုံအတိုင်း ပေါ်လာလျှင် Back ကိုနှိပ်၍ မူလစာမျက်နှာသို့သွားပါ။ ငွေပေးသွင်းမှုအောင်မြင်ကြောင်း Email လက်ခံရရှိမည်ဖြစ်ပါသည်။

အောက်ပါအတိုင်း မူလစာမျက်နှာသို့ရောက်သွားမည်ဖြစ်ပါသည်။

အသင်းဝင်လျှောက်ထားမှုအောင်မြင်ပါသည်။ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ စစ်ဆေးအတည်ပြုချက်ကို စောင့်ဆိုင်းပေးရမည်ဖြစ်ပါသည်။

အသင်းဝင်အဖြစ် အတည်ပြုလက်ခံပါက အထက်ပါတိုင်း Email လက်ခံရရှိမည်ဖြစ်ပါသည်။

မိမိ၏ User dashboard တွင်လည်း အထက်ပါပုံအတိုင်း Member တွင် Approved အမှန်ခြစ်နှင့် CO Form လျောက်ထားနိုင်ရန် Member သက်တမ်းလက်ကျန်ရက် ပေါ်လာမည်ဖြစ်ပါသည်။

(မှတ်ချက်) Rejected ဖြစ်နေပါက မှတ်ချက်ကိုကြည့်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပေးနိုင်ပါသည်။

Last updated